ဒီမော့ဆိုမှာ နယ်မြေထိန်းချုပ်နိုင်အောင် စစ်ကောင်စီ ဘာတွေလုပ်နေလဲ ....

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

ဒီမော့ဆိုမှာ နယ်မြေထိန်းချုပ်နိုင်အောင် စစ်ကောင်စီ ဘာတွေလုပ်နေလဲ .... - ဒီမောဆိုမြို့ပေါ် ထိန်းချုပ်နိုင်အောင် ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား စနေနေ့က တိုက်ပွဲတွေရှိခဲ့ - ရသေ့တောင်မြို့နယ်ထဲ စက်မှုကြီးကြပ် အရာရှိတစ်ယောက်နဲ့ ဒေသခံ သူငယ်ချင်းတို့ကို အေအေက စစ်စရာရှိလို့ ဆိုပြီး ခေါ်ဆောင်သွား - တနိုင်း IDP စခန်းတွေထဲ WFP ပေးတဲ့ ထောက်ပံ့မှု တချို့နဲ့သာ စစ်ရှောင်တွေ နေနေကြရ ... ဘယ်အလှူရှင်မှ ရောက်မလာတော့တာ ၂ နှစ်ကျော်နေပြီလို့ဆို - နော်ဝေမြို့ အော်စလိုမြို့တော် မြို့လယ်ခေါင်မှာ လိင်တူချစ်သူတွေကို ပစ်မှတ်ထားတယ်လို့ ယူဆရတဲ့ သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် - အမေရိကန်မှာ အနှစ် ၃၀ အတွင်း သေနတ်ထိန်းချုပ်မှုဆိုင်ရာ အတင်းကြပ်ဆုံး ဥပဒေကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး အတည်ပြု .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site