နှစ်ကျော့ပြန်မီးရှို့ခံရတဲ့ မူးကမ်းကြီး-ဆူးတပ်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

ထန်းတောကြားကမီးခိုးလုံးများ၊ နှစ်ကျော့ပြန်မီးရှို့ခံရတဲ့ မူးကမ်းကြီး-ဆူးတပ် - ဒီပဲယင်းနယ်ထဲ စစ်ကောင်စီတပ်တွေ ရွာစဥ်ဆက်မီးရှို့တာ၊ ဒေသခံရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်ပြီး ကျူးလွန် - မူးကမ်းကြီး-ဆူးတပ် လပိုင်းအတွင်း နှစ်ကျော့ပြန် မီးရှို့ခံရ - အဝတ်တထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးရသူတွေ ရွာပြန်ရောက်တော့ ပြာပုံတွေက ဆီးကြို၊ အရင်တိုက်ခံအိမ်ကနေ တဲထိုးနေရတာကနေ အခုတစ်ခေါက် တဲလည်း မီးထဲပါသွားတာမို့ နေစရာ စားစရာ အခက်တွေ့နေရတဲ့ ကိုယ်တွေ့ပြောပြချက် - မြန်မာအပါအဝင် အရှေ့တောင်အာရှတစ်ခွင် တရားမဝင် အွန်လိုင်း ကာစီနိုဝိုင်းတွေ ထောင်ထားပြီး ကြိုးကိုင်ထိန်းချုပ်ထားတဲ့ ရှီဂျီဂျန်းကို ထိုင်းမှာ ဖမ်းမိထား၊ တရုတ် အစိုးရလက်က ၁၀ စုနှစ်ကြာ ထွက်ပြေးနေတဲ့ အဲဒီ အငြင်းပွားဖွယ် သူဌေး ရှီဂျီအန်းကို အင်တာပိုက ဖမ်းဝရမ်းထုတ်ထား - နိုင်ငံတဝန်း မြို့တွေမှာ လောင်စာဆီ စျေးကြီးမြင့်မှု၊ ဆီပြတ်တောက်မှု၊ ထိန်းချုပ်ရောင်းချမှုတွေ ဖြစ်နေ ... မန္တလေး မြစ်ကြီးနားက အခြေအနေတွေ အကြောင်း နယ်ပယ် အသီးသီးက သူတွေရဲ့ ဘီဘီစီကို ပြောဆိုချက် - ဆာလ်မန်ရပ်ရှ်ဒီကို ဓားနဲ့တိုက်ခိုက်ခဲ့သူ အဖြစ် ဖမ်းဆီးရထားသူကို လူသတ်ရန်အားထုတ်မှုနဲ့ ပုဒ်မတပ် အမှုဖွင့်၊ ဒဏ်ရာတွေ ပြင်းထန်တဲ့ ဆာဆာလ်မန်ကတော့ ပင်ဆယ်လ်ဗေးနီးယား ဆေးရုံပေါ် အသက်ရှုစက် တပ်ထားရဆဲ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ #ဘီဘီစီမြန်မာပိုင်း မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com