ထိုင်းကျောင်းတွင်း အစုလိုက်သေဆုံးရတဲ့ သေနတ်ပစ်မှုအတွက် ကမ္ဘာလုံးအနှံ့ ခြောက်ခြားတုန်လှုပ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

ထိုင်းကျောင်းတွင်း အစုလိုက်သေဆုံးရတဲ့ သေနတ်ပစ်မှုအတွက် ကမ္ဘာလုံးအနှံ့ ခြောက်ခြားတုန်လှုပ် - ကလေးအများစုဖြစ်တဲ့ လူပေါင်း ၃၈ ယောက်ထက်မနည်း သေနတ်သမားလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ထိုင်းမူကြိုကျောင်းတွင်း ပစ်ခတ်မှု အတွက် နိုင်ငံတကာ ခေါင်းဆောင်တွေ ဝမ်းနည်းစကားတွေ ပြောကြားနေ - ကျောင်းတွင်းပစ်ခတ်ပြီး ရဲပြုတ် မူးယစ်ဆေးမှုနဲ့ ရင်ဆိုင်နေရသူ သေနတ်သမားက သူ့မိသားစုကိုလည်း သတ်ဖြတ်၊ သူ့ကိုယ်သူလည်း အဆုံးစီရင်သွား - အမေရိကန်မှာ ဗဟိုအစိုးရရဲ့ ဥပဒေအောက် ဆေးခြောက်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရသူမှန်သမျှကို လွတ်ငြိမ်းခွင့်ပေးတဲ့ အမိန့်ကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး၊ ပြည်နယ်တွေပါ လိုက်လံ လုပ်ဆောင်ဖို့လည်း သမ္မတဘိုင်ဒင် တိုက်တွန်း - ကရင်နီပြည်ထဲ တော်လှန်ရေး တစ်နှစ်ကျော်လာချိန် ပြည်သူ့ရဲ့ ထောက်ပံ့မှု ပမ်းလာပြီး လက်နက်ချင်းမမျှ ဖြစ်နေရတဲ့ အတွက် စိုးမိုး နယ်မြေတချို့ လက်လွှတ်ရကြောင်း ဒေသခံတပ်ဘက်ကပြော - မတ္တရာ ရေလယ်ကျွန်းမှာလည်း ဝက်လက်နယ်ဘက်ကို ချိန်ရွယ်ပြီး စစ်ကောင်စီ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ဒေသခံတွေပြော .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site