အငြိမ်းစားယူထားတဲ့ နယ်ခြားစောင့်တပ်အရာရှိတွေကို စစ်ကောင်စီ ပြန်ခေါ်ခန့်နေတာ ဘာကြောင့်လဲ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

- ယူကရိန်းနယ်မြေခွဲထုတ်ဖို့ဆက်လုပ်မယ်ဆိုရင် ရုရှားအပေါ် ဆိုးရွားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုလုပ်မယ်လို့ အမေရိကန် သတိပေး - လွန်ခဲ့တဲ့၉နှစ်တုန်းက မော်စကို ကိုထွက်ပြေးခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းကို ရုရှားနိုင်ငံသားအဖြစ် လက်ခံအတည်ပြု - အီရန်မှာ လုံခြုံရေးတပ်ဖွဲ့တွေလက်ချက်ကြောင့် ပြီးခဲ့တဲ့၁၀ရက်အတွင်း ဆန္ဒပြသူ အယောက် ၇၆ယောက် သေဆုံးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေပြော - သီရိလင်္ကာမှာ အရည်အသွေးမပြည့်တဲ့ လောင်စာဆီ တင်သွင်းမှုကြောင့် ဓါတ်အားပေးစက်ရုံတွေမလည်ပတ်နိုင်လို့ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်နေ - နေရှင်းလိဂ်ပွဲစဥ်တွေမှာ အင်္ဂလန်နဲ့ ဂျာမနီတို့ သရေကျပြီး အီတလီနဲ့ ဖင်လန်တို့ နိုင်ပွဲဆက်ခဲ့တဲ့ အကြောင်းတွေ အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ