အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မော်စကိုခရီး

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

- အာဏာသိမ်း စစ်ခေါင်းဆောင် မော်စကိုမှာ ရောက်နေ - ရုရှား ကာကွယ်ရေးဌာနက ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေး ညီလာခံကို တက်မယ်၊ ၉ ကြိမ်မြောက် မော်စကို ကွန်ဖရင့် မနက်ဖြန်ကနေ စပြီး ၃ ရက် ကျင်းပမှာဖြစ် - အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတို့ရဲ့ ဒီကနေ့ တနင်္လာနေ့ နေပြည်တော်ရုံးချိန်းမှာ ဘာတွေဖြစ်မလဲ၊ အတိုင်ပင်ခံရဲ့ ရှေ့နေနဲ့ ဘီဘီစီမေးမြန်းခန်း - စစ်ဘေးရှောင်တွေဆီ ကယ်ဆယ်ရေးလမ်းကြောင်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာစစ်ခေါင်းဆောင်တွေကို ပန်ကြား - လူအများ ခိုလှုံရာ ဘာသာရေး နေရာဌာနတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို လေးစားဖို့လည်း ပုပ်ဖရန်စစ် ထပ်လောင်း တောင်းဆို - မြန်မာပြည်ထဲက ကိုဗစ် တတိယလှိုင်း၊ ရန်ကုန် နာမည်ကြီး အစိုးရကျောင်း TTC နဲ့ ဒဂုံ ၁ က ကလေးတွေ အပါအဝင် ကလေး ၅ ယောက် ကိုဗစ်ပိုး တွေ့လို့ ဝေဘာဂီမှာ တင်ထားရ၊ ရခိုင် မောင်တောမှာလည်း ၂ ယောက် ထပ်တွေ့ .... စတဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြောင်းတွေကို အထူး တင်ဆက်ထားတဲ့ နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒေါ်အောင်ဆန်းစုကြည်

Visit the podcast's native language site