ဒီပဲယင်းနယ် စစ်ရှောင်တွေကို တောထဲထိလိုက် ပစ်ခတ်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

အင်္ဂါ မနက်ခင်း သတင်းများ (ဇူလိုင်လ ၆ ရက် ၂၀၂၁) ဒီပဲယင်းနယ် စစ်ရှောင်တွေကို တောထဲထိလိုက် ပစ်ခတ်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော - ဒီပဲယင်းနယ်မှာ ရွာ ၁၅ ရွာဝန်းကျင် ထွက်ပြေးနေရ၊ စစ်ရှောင်ဦးရေ ၇၀၀၀ ကျော် ရှိနေ - ၁၈ နှစ် ကနေ ၂၀ အတွင်း လူငယ်အများစု အယောက် ၄၀ ဝန်းကျင် စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့လို့ မျက်မြင်တွေကပြော - ၁၈ နှစ်သား သေဆုံးသူရဲ့ ကျန်ရစ်သူ မိသားစုဝင်နဲ့ ဘီဘီစီ မေးမြန်းခန်း - လူ့အခွင့်အရေး ချိူးဖောက်သူတွေကို နိုင်ငံတကာမှာ တရားစီရင်နိုင်ရေး သက်သေတွေ စိစစ်မှတ်တမ်းတင်မယ့် Myanmar Witness အလုပ်အဖွဲ့ ပေါ်ပေါက်လာ - မြန်မာ လူထုအခြေပြု အဖွဲ့က ကျွမ်းကျင်သူတွေနဲ့ ယူကေအခြေစိုက် ပညာရှင်တွေ စုစည်းထားတာဖြစ်၊ ယူကေ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထောက်ပံ့နေ - အာဖဂန်မြောက်ပိုင်းမှာ တာလီဘန်တွေ အလျှင်အမြန် ရှေ့တိုးချီတက်လာနိုင်၊ ရုရှား အီရန် တူရကီ ကောင်စစ်ဝန်ရုံးတွေပိတ်၊ အာဖဂန် အစိုးရ စစ်သားတွေ ရာနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံထဲ ဝင်ပြေး - အင်္ဂလန်မှာ ကိုဗစ် ကန့်သတ်ချက် စည်းမျဥ်းတွေ သီတင်းနှစ်ပတ် အတွင်း ပယ်ဖျက်တော့မယ်၊ လူတွေ ရုံးပြန်တက်တာမျိုး၊ ခပ်ခွာခွာနေစရာမလို၊ မျက်နှာမကာပဲ ရထားနဲ့ ဘတ်စ်တွေစီးနိုင်တာမျိုးတွေ ဖြစ်လာဖွယ်ရှိ - ရုရှားကိုဗစ်ဆေးတွေ မြန်မာ ဆေးဝါးစက်ရုံမှာ ထုတ်နိုင်မလား လေ့လာသွားမယ် - ရခိုင်မှာ ကိုဗစ်စိုးရိမ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေး သီတင်းနှစ်ပတ် ပိတ်သွားမယ် - တရုတ်ပြည် ကျယ်ဂေါင်ကို လော့ခ်ဒေါင်းချလိုက်လို့ မူဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သလောက်ဖြစ်နေ ...... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။

Visit the podcast's native language site