အတိုင်ပင်ခံနဲ့သမ္မတကိုပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်လောင်းတောင်းဆို

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

သောကြာ မနက်ခင်း သတင်းများ (၂ရက် ဇူလိုင် ၂၀၂၁) အတိုင်ပင်ခံနဲ့သမ္မတကိုပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်လောင်းတောင်းဆို - အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးပါ ဆိုပြီး ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဂူတားရက်စ် ထပ်လောင်း တောင်းဆို - ဂျနီဗာ လူ့အခွင့်အရေးကောင်စီမှာ မြန်မာကိုယ်စားလှယ် ရှိမနေပေမယ့် မြန်မာအရေး ဆွေးနွေးကြဖို့ မဲခွဲဆုံးဖြတ် - တရုတ် ရုရား အပါအဝင် ကန့်ကွက်သူတွေ ရှိပေမယ့် လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေဆဲ မြန်မာ့အရေး ပြောဆိုသင့်ကြောင်း နိုင်ငံအများစု သဘောတူ - ဒါဟာ သံတမန်မျက်နှာစာမှာ အောင်ပွဲတစ်ခုဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးပြော - နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို သူတို့ လုပ်ငန်းရှိရာ တိုင်းပြည်တိုင်းမှာ အခွန် ၁၅ % အောက်ထစ် ကောက်ခံဖို့ ကမ္ဘာ့နိုင်ငံတွေ သဘောတူ။ ကမ္ဘာလုံးဆိုင်ရာ အခွန်စနစ် ပြုပြင်ပြောင်းလဲမှုအဖြစ် အများကကြိုဆိုနေ - မြေထဲပင်လယ်ထဲ ရွှေ့ပြောင်းသူတွေကို တင်လာတဲ့ စက်တပ်လှေငယ်ကို လစ်ဗျားကမ်းစောင့်တပ် သင်္ဘောက ပစ်ခတ်တာ၊ ဝင်တိုက်ဖို့ထိလုပ်တာကို ရိုက်ကူးထားတာ ဆိုတဲ့ ဗီဒီယိုကို ပင်လယ်ပြင် စောင့်ကြည့်ရေး ဂျာမန် NGO အဖွဲ့ ထုတ်ပြန်လာ - ဝေလမင်းသမီး ဒိုင်ယာနာ သက်ရှိထင်ရှား ရှိသေးရင် ဇူလိုင် ၁ ရက်နေ့ အသက် ၆၀ ပြည့်ပြီ။ ၆၀ ပြည့် အထိမ်းအမှတ် ဒိုင်ယာနာရုပ်ထုကို လန်ဒန်က ကဲန်ဆင်တန်နန်းတော် စံအိမ် ဥယျာဥ်တော်ထဲ သားတော် မင်းသား ဝီလျမ်နဲ့ မင်းသားဟယ်ရီတို့ ဖွင့်လှစ်ခဲ့ - မန္တလေး အိုးဘိုထောင်က လွတ်လာတဲ့ သူတွေထဲ ပရဟိတမင်းခေါင် လူမှုကူညီကယ်ဆယ်ရေးက သူတွေ အယောက် ၂၀ ကျော် ပါဝင်ခဲ့၊ အသင်းကို ဦးဆောင်သူနဲ့ ဘီဘီစီမေးမြန်းခန်း - မောင်တောကို ပြောင်းလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေထဲ အယောက် ၉၀ ကျော် အစုလိုက်အပြုံလိုက် ကိုဗစ်ပိုးရှိနေကြောင်း တွေ့ရှိ။ ရခိုင်ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူနဲ့ ဘီဘီစီမေးမြန်းခန်း ...... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #ကယား #ချင်း #PDF #စစ်ကောင်စီ #NUG #မင်းတပ် #ယူကေ #ယူရို၂၀၂၀ #မောင်တော #မန္တလေး #ဂျနီဗာ #လူ့အခွင့်အရေးကောင်စီ #ကုလသမဂ္ဂ #အန်တိုနီယိုဂူတားရက်စ်

Visit the podcast's native language site