ပေ ၃ ထောင်ကျော်က လေယာဥ်ကို ဘယ်လိုပစ်ခဲ့လဲ လွိုင်ကော်လေဆိပ် ဖြစ်ရပ်သုံးသပ်ချက်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

ပေ ၃ ထောင်ကျော်က လေယာဥ်ကို ဘယ်လိုပစ်ခဲ့လဲ လွိုင်ကော်လေဆိပ် ဖြစ်ရပ်သုံးသပ်ချက် - ပေ ၃ ထောင်ကျော်က လေယာဥ်ကိုယ်ထည် ပေါက်နိုင်အောင် ဘယ်လို သေနတ်မျိုး၊ ဘယ်လိုကျည်မျိုး သုံးခဲ့လဲ - ပစ်ခတ်မှုဟာ အပြင်ကလာတာလို့ ဘယ်လို သေချာနိုင်လဲ - လေယာဥ် ကိုယ်ထည် ကျည်ပေါက်နဲ့ ဆက်ပြီး ပျံသန်းနိုင်လား ... ကျွမ်းကျင်သူရဲ့ ဆန်းစစ်ချက် - ယူကရိန်း နယ်တွေကို သမ္မတပူတင် ဦးဆောင်တဲ့ ရုရှား အစိုးရက တရားလက်လွတ် ရယူသိမ်းပိုက်လို့ ဆိုပြီး အမေရိကန် အစိုးရ အနေနဲ့ရော၊ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ကပါ ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ အကြီးအကျယ် ဆက်ပြီး ပေးမယ်လို့ ချက်ခြင်းတုန့်ပြန် ကတိပြု၊ အမေရိကန်က ပိတ်ဆို့မှု အသစ်တွေ ချက်ခြင်း ချမှတ်၊ ကွန်ဂရက်စ်လွှတ်တော်က သမ္မတဘိုင်ဒင်ကို ယူကရိန်းကို ကူညီရေး ဒေါ်လာ သန်းထောင်ချီပြီး ထပ်ဆောင်း ဘတ်ဂျက် အသစ်တွေ နေ့တွင်းချင်း ခွင့်ပြုပေး - ယူကရိန်း သမ္မတ ဇလန်စကီးက နေးတိုးအဖွဲ့ထဲ ဝင်ခွင့်လျှောက်လွှာကို လက်မှတ်ထိုး၊ အဖွဲ့ဝင် အဖြစ် လက်ခံဖို့ အမြန်လမ်းကြောင်းနဲ့ စဥ်းစားပေးဖို့လည်း နေးတိုးအဖွဲ့ကို ဇလန်စကီး ပန်ကြား ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site