ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွေ စီးနင်းနေလို့ ရွာ ၅ ရွာထက်မနည်း ထွက်ပြေးနေရ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဩဂုတ်လ ၂၉ ရက် ၂၀၂၁) - ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွေ စီးနင်းနေလို့ ရွာ ၅ ရွာထက်မနည်း ထွက်ပြေးနေရ - ကာဘူးလ်လေဆိပ် ထပ်ပြီး တိုက်ခိုက်ခံလာရနိုင်တယ်လို့ အမေရိကန် သမ္မတ သတိပေး - ကလေးတောင်ပိုင်း တင်သားရွာလည်း စီးနင်းခံရပြီး မီးရှို့ဖျက်စီးတာတွေ ရှိတယ်လို့ ရွာခံတွေပြော - မင်းတပ်မှာ စစ်ကောင်စီ စစ်သားနဲ့ရဲတွေ နေ့ခင်းဘက်မှာကို အိမ်တွေထဲ ဧည့်စာရင်းလိုက်စစ်၊ အိမ်မှာ လူပိုလက်မခံဖို့ပြော၊ လူစာရင်းနဲ့ မကိုက်ရင်လည်း ဘယ်ရောက်နေလဲ ဘယ်သွားနေလဲ မေးမြန်း - ဝိုင်းမော် ဘေးနာ ရွာထဲထိအောင် လက်နက်ကြီးကျည်ကျ၊ လူထိခိုက်မှု ရှိတယ်လို့ ကနဦး သတင်းတွေကဆို - မြစ်ကြီးနား KBC က ကိုဗစ်အရေး ထုတ်တဲ့ စာပါ တချို့ စာသားတွေကြောင့် စာကိုလက်မှတ်ထိုးတဲ့ အသင်း အတွင်းရေးမှူး စစ်ကောင်စီရဲ့ ပစ်မှတ်ထား ခံနေရ၊ ဘာသာပြန် ပြဿနာသာ ဖြစ်တယ် ... သက်ဆိုင်ရာနဲ့ ဆွေးနွေး ဖြေရှင်းသွားမယ်လို့ KBC ဥက္ကဌပြော - အမေရိကန် လူဝီဆီယားနား ပြည်နယ်ထဲ အင်အားပြင်း အဆင့် ၄ ဟာရီကိန်းမုန်တိုင်း ဝင်မှာ ဖြစ်လို့ လူတွေကို ရွှေ့ပြောင်း ပေးနေရ ...... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #အမေရိကန် #ဘိုင်ဒင် #မင်းတပ် #ကလေး #မြစ်ကြီးနား #ယင်းမာပင် #ဝိုင်းမော် #ကချင် #KBC

Visit the podcast's native language site