မြန်မာအကျဥ်းထောင်တွေထဲ ကိုဗစ်ထိန်းချုပ်ရေး ကူညီမယ်လို့ ICRC ကမ်းလှမ်း

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဇူလိုင်လ ၂၅ ရက် ၂၀၂၁) - မြန်မာအကျဥ်းထောင်တွေထဲ ကိုဗစ်ထိန်းချုပ်ရေး ကူညီမယ်လို့ ICRC ကမ်းလှမ်း - မြန်မာထောင်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေကြောင်း ICRC ထုတ်ပြန် - ထောင်တွေထဲ ကိုဗစ်ကူးစက်နေတာကို အာဏာပိုင်တွေ မကိုင်တွယ်နိုင် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် နိုင်ငံတကာ စိုးရိမ်မှုတွေ မြင့်တက် - အခြေခံလူ့အခွင့်အရေး ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ခွင့်ကို ထောင်တွေထဲ ဖြည့်ဆည်းပေးဖို့ ရန်ကုန်အခြေစိုက် အနောက်အုပ်စု သံတမန်တွေ စုပေါင်းတောင်းဆို - NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဥာဏ်ဝင်း ထောင်ထဲ ကိုဗစ်ကူးခံရပြီး သေဆုံးခဲ့သလို၊ ကိုဗစ်ပြဿနာကြောင့် ထောင်ထဲအုံကြွမှု ဖြစ်လာခဲ့တဲ့နောက် သံတမန်တွေနဲ့ ICRC ရဲ့ တောင်းဆိုချက်တွေ ထွက်လာတာဖြစ် - ထောင်ထဲကိုဗစ်ကူးခံထားရသူတွေထဲ ဗကသ ကျောင်းသားခေါင်းဆာင်ဟောင်း ကိုမင်းသွေးသစ် ပါဝင်နေ၊ သူ့ရဲ့ ကျန်းမာရေးအကြာင်း ဘာတွေသိထားရလဲ မိသားစုဝင်တစ်ဦးနဲ့ ဘီဘီစီ မေးမြန်းခန်း - စစ်ကိုင်းမြို့မှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေ မြင့်တက်၊ အောက်ဆီဂျင် ပြတ်လတ်နေ၊ အဓိက အားထားဝယ်ရတဲ့ မန္တလေးမှာကို အောင်ဆီဂျင်ရဖို့ ခက်နေတာကြောင့် စစ်ကိုင်းမှာ ပြန်ဝေမျှတာမျိုး မလုပ်နိုင်ဖြစ်နေကြောင်း လူမှုကူညီရေး အဖွဲ့တွေကပြော - ရခိုင်မှာလည်း စစ်တွေ အပါအဝင် မြို့နယ် ၆ ခုမှာ အောင်ဆီဂျင် ပြတ်နေကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးပြော - အာဖဂန်မှာ တာလီဘန်ရန်ကြောင့် တစ်နိုင်ငံလုံး နီးပါး ညမထွက်ရ ကာဖျူးထုတ်ပြန် - ပြင်သစ်မှာ ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်စည်းမျဥ်းတွေ သက်တမ်းတိုးလို့ လူတွေ သိန်းချီ ဆန္ဒပြ ..... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစား နားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အောက်စီဂျင် #ကိုဗစ် #စစ်ကိုင်း #ICRC #ရခိုင်

Visit the podcast's native language site