ရုရှားလက်ထဲက ပြန်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်း Izyum မြို့မှာ စုပြုံမြုပ်ထားတဲ့အလောင်းတွေတွေ့

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

- အဲလစ်စဘတ်ဘုရင်မကြီးရဲ့ ရုပ်ကလပ်နံဘေးမှာ ချားလ်စ်ဘုရင်နဲ့တော်၀င်မိသားစု မီးထွန်းဆုတောင်းကြမယ် - တမြန်နေ့တုန်က ဘုရင်မကြီးရုပ်ကလပ်နောက်က လိုက်ပါစဥ် မိခင်ဒိုင်ယာနာကွယ်လွန်တုန်းကအကြောင်းတွေ ပြန်တွေးမိကာ စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်လို့ ၀ေလမင်းသား ၀ီလီယမ် ပြန်ပြောင်းပြောပြ - ထိုင်းစစ်တပ်၀န်းထဲမှာ အချင်းချင်း ပစ်ခတ်မှု ဖြစ်လို့ စစ်သား ၂ယောက်သေ ၊ တယောက် ဒဏ်ရာရသွား - ပလက်၀မှာ ကုန်းလမ်းရေလမ်းသွားလာနေတဲ့ ယာဥ်တွေအနေနဲ့ အေအေအဖွဲ့ရဲ့ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးတွေကို သတင်းပို့ သွားလာဖို့၊ သတင်းမပို့ဘဲ သွားလာလို့ ပြဿနာ ပေါ်ပေါက်လာမယ်ဆိုရင် ကာယကံရှင်ရဲ့ တာဝန်ဖြစ်တယ်လို့ ဆို - ဖားကန့်မှာ ကုန်စုံဆိုင်ကို မီးရှို့ ၊ ဆိုင်ရှင်ကို စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက ဖမ်းဆီးကာ ပစ်ခတ်မှုတွေလဲ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောတဲ့ အကြောင်းတွေ အပါအ၀င် သောကြာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese

Visit the podcast's native language site