ကချင် ခရိုင် ၃ ခုမှာ ရုံးဝန်ထမ်းတွေ ဆက်မလုပ်ဖို့ KIA သတိပေး

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

ကချင် ခရိုင် ၃ ခုမှာ ရုံးဝန်ထမ်းတွေ ဆက်မလုပ်ဖို့ KIA သတိပေး - စစ်ကောင်စီလက်အောက် ဝန်ထမ်းဆက်မလုပ်ပဲ ထွက်ဖို့ မြစ်ကြီးနား၊ ဟူးကောင်းနဲ့ ရှင်ဗွေယန် ခရိုင်တွေမှာ KIA စာထုတ်ပြီး သတိပေး - ကလေးမြို့တောင်ဘက် မီးရှို့ခံထားရတဲ့ ရေရှင်ရွာက သူတွေ ပုန်းအောင်း နေထိုင်နေရတဲ့ တောတွေထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် - ကရင်နီဒေသထဲ ဆေးဝါးတင်သွင်းခွင့် စစ်ကောင်စီ ခွင့်မပြု။ ICRC နဲ့ UNICEF တို့က အစ ကရင်နီကို ဆေးဝါး မပို့နိုင်။ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ပြီး ဆေးဝါးမပြည့်မစုံနဲ့ ဖြစ်သလို နေရတဲ့ စစ်ရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင် မိခင်တွေ ဆုံးပါးတာနဲ့ ကလေးအဖတ်မတင်တာတွေ သိသိသာသာ မြင့်တက် နေတယ်လို့ ကူညီရေးသမားတွေကပြော။ ကရင်နီ လူဦးရေး ထက်ဝက် စစ်ရှောင် နေကြရ။ - ကျောက်ဖြူက မွတ်ဆလင် ဒုက္ခသည် စခန်းကို ပြောင်းရွှေ့ နေရာချဖို့ ဆိုပြီး အိမ်တွေ ဆောက်ပေးနေတဲ့ နေရာဟာ မိုးတွင်းဆိုရင် ရင်ခေါင်းလောက်ထိ ရေမြုပ်တဲ့နေရာတွေ ... လူဘယ်လိုမှ နေလို့မရဘူးလို့ ဒုက္ခသည်တွေပြော - အမေရိကန် ဘာဖဲလိုမြို့ ဆူပါမားကက်တစ်ခုမှာ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် အစုလိုက် အပြုံလိုက် သေဆုံး - အမေရိကန်ရဲ့ ပြည်နယ်တိုင်းမှာ ကိုယ်ဝန်ဖျက်ခွင့် ရှိရမယ်ဆိုတဲ့ စီရင်ထုံးကို တရားသူကြီးချုပ်တွေ ဖျက်ဖို့ ကြံနေတာ ပေါက်ကြားလာတာကြောင့် နိုင်ငံတဝန်းမြို့တွေမှာ အကြီးအကျယ် ဆန္ဒပြနေ - ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါးကိဗ်ကနေ ရုရှားတပ်တွေ ဆုတ်သွားပြီ ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site