မင်းတပ်မှာ PDF နဲ့ စစ်ကောင်စီကြား နှစ်ပတ်ကြာအပစ်ရပ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podcast af BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (၂၇ ဇွန်လ ၂၀၂၁) မင်းတပ်မှာ PDF နဲ့ စစ်ကောင်စီကြား နှစ်ပတ်ကြာအပစ်ရပ် - တောတောင်တွေထဲ ပုန်းအောင်းနေတဲ့ မြို့ခံတွေ ပြန်လာနိုင်အောင် မင်းတပ်မှာ နှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူထား - မင်းတပ်ရဲ့ နောက်ဆုံး အခြေအနေအကြောင်း ကြားဝင်ညှိပေးတဲ့ မြို့မိမြိုဖ တစ်ဦးနဲ့ ဘီဘီစီမေးမြန်းခန်း - ကိုဗစ်ကူးစက်မှု မြင့်နေတဲ့ လားရှိုးကို လူတွေအိမ်မှာပဲ နေရမယ့် Stay at home နယ်မြေအဖြစ် ကြေညာ။ ချင်း၊ စစ်ကိုင်း၊ ပဲခူးထဲက နေရာတွေနောက် ၁၀ ခု မြောက် မြို့နယ်ဖြစ်လာ - အိန္ဒိယက လာမယ့် ၅ နှစ်ဆက်တိုက် မြန်မာကနေ မတ်ပဲနဲ့ ပဲစင်းငုံတွေ ဝယ်မယ်ဆိုပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး။ တစ်နှစ်ကို မတ်ပဲ တန် နှစ်သိန်းခွဲ၊ ပဲစင်းငုံ တန်တစ်သိန်း ဝယ်မယ်။ - ဗြိတိန် ကျန်းမာရေး ဝန်ကြီး မက်ဟန်းကော့ လူချင်း ခပ်ခွာခွာနေရမယ့် social distancing အစိုးရ စည်းမျဥ်းကို ချိုးဖောက်လို့ ဆိုပြီး ရာထူးက နုတ်ထွက်။ အကြံပေးခန့်ထားတဲ့ အမျိုးသမီးနဲ့ ရုံးမှာ ပွေ့ဖက်နမ်းရှုံ့နေတဲ့ ပုံတွေ သတင်းစာပေါ် ရောက်လာပြီး မစ္စတာ ဟန်းကော့ ဖိအားပေး ခံနေခဲ့ရတာဖြစ်။ - လက်ဘနွန်ငွေတန်ဖိုး ဒေါ်လာနဲ့ယှဥ်ရင် တန်ဖိုး ၉၀% ထိ ၂နှစ်အတွင်း အဆိုးဆုံးကျဆင်းသွားလို့ လူတွေအုံကြွ။ အစိုးရဘဏ်တွေထဲ တံခါးတွေကို ချိုးဖျက်ဝင်ဖို့ ထရစ်ပိုလီ၊ ဆိုင်ဒန် မြို့ကြီးတွေမှာ လူတွေ ပေါက်ကွဲ။ - ယူရို ၂၀၂၀ နောက်ဆုံး ၁၆ သင်း ရှုံးထွက် အဆင့် စကန်နေပြီ။ ဒိန်းမတ်က ဝေလအသင်းကို ၄ ဂိုးပြတ်၊ အီတလီက အချိန်ပိုကျမှာ ဩစတြီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင် ကွားတားတက်။ ဒီနေ့ နယ်သာလန်နဲ့ ချက်၊ ဘယ်လ်ဂျီယမ်နဲ့ ပေါ်တူဂီ ပွဲကောင်းတွေ ရှိနေ .... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #ကယား #ချင်း #PDF #စစ်ကောင်စီ #NUG #မင်းတပ် #ယူကေ

Visit the podcast's native language site